သာပေါင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊(မိုးစပါး) ဆန်စပါး စိုက်ပျိုးရေးဇုန်(Rice Export Zone) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် Sone Se Myine Group Co.,Ltd. နှင့် Agro( Shinny) Power Co.,Ltd တို့မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က Rice Export Zone ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်က တောင်သူများ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မီစပါး/ဆန်ထွက်ရှိရေး၊ အတွေ့အကြုံရှိရေး ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ကုမ္ပဏီ/တောင်သူများ SOP နှင့်အညီ သစ္စာရှိစွာဆောင်ရွက်ရေး၊ Sone Se Myine Group Co., ltdကုမ္ပဏီကဆောင်ရွက်မည့် (၁၀၀၀) ဧက၊ ကျေးရွာအုပ်စု (၆) အုပ်စုမှတောင်သူများ၊ Agro (Shinny) Power Co.,ltd ကုမ္ပဏီက ဆောင်ရွက်မည့် (၁၀၀၀) ဧက၊ ကျေးရွာအုပ်စု (၃) အုပ်စုမှ တောင်သူများအား စနစ်တကျစာချုပ်ချုပ်ဆို၍ အောင်မြင်အောင်ဆောင်ရွက်ရေး၊ မှာကြားခြင်း၊ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်လွင်က သွင်းအားစုများ အရည်အသွေးပြည်မီရေး၊ ကုမ္ပဏီမှတာဝန်ရှိသူများက စာချုပ်ချုပ်ဆို တောင်သူများ စိုက်ပျိုးမှုများကို အခါအားလျော်စွာ စစ်ဆေးကြပ်မတ်ရေး၊ စာချုပ်ချုပ်ဆိုမှုအား စစ်ဆေး၍ အတည်ပြုချက်ရရန်တင်ပြရေးပြောကြားကာ Sone Se Myine Group Co.,ltd ကုမ္ပဏီ တာဝန်ခံက ကျေးရွာအုပ်စု(၆)အုပ်စုမှ တောင်သူများအားလည်းကောင်း၊ Agro (Shinny) Power Co.,ltd ကုမ္ပဏီတာဝန်ခံက ကျေးရွာအုပ်စု (၃) အုပ်စုမှ တောင်သူများအား ပထမအကြိမ် တစ်ဧက (၁၀၀၀၀ဝ) နှုန်းဖြင့် သွင်းအားစုများပေးအပ်ကာ စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး