ကျောက်တံခါး ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ဒေသန္တရစီမံကိန်းအတွက် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်ဦးက ကျောက်တံခါးမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်သွင်က ၂၀၂၆-၂၀၂၇ ဘဏ္ဏာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တောင်းခံသည့် စီမံလုပ်ငန်းများနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဏာရေးနှစ် ဒေသန္တရစီမံကိန်းအတွက် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လျာထားချက် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)