သတင်းများ

ဒလမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် KG နှင့် Grade – 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီက အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် တောင်သူများအနေဖြင့် EM ဘိုကာချီမြေဆွေး သဘာဝမြေဩဇာကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ Home Garden စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။
ပုလောမြို့ အမှတ် (၁) ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကျင်းပ
May 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ အမှတ် (၁) ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိ ဦးသန်းနွယ်က အဖွင့်အမှာစကားပြောကြားသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ပန်းချီ‌သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁:၀၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ပန်းချီ‌သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG မှ Grade.11 အထိ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြတ်ကြေညာ
May 15,2026
တနင်္သာရီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်းမှ Grade.11 တန်းအထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများတွင် ကပ်ထားကြေညာကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအစေ့ချ(Seeder)စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေးသင်တန်းဖွင့်လှစ်
May 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရက် (၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးအစေ့ချ (Seeder) စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အခြေခံပညာစာမေးပွဲများ အောင်စာရင်း ထုတ်ပြန်ကြေညာ
May 15,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် အခြေခံပညာအဆင့်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်းများ၏ ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာထားလျက်ရှိရာ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာ သင်တန်းဖွင့်လှစ်
May 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG,G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာသင်တန်းကို ယမန်​နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။