သတင်းများ

သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 15,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို​ကျောင်း၌ ပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းပြည့်​အောင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါက အသက်အရွယ်အလိုက် အသက်မွေးပညာကျောင်းများသို့ ပို့ဆောင်၍ အသက်မွေးပညာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်း ရှင်းလင်း‌ဟောပြောကြားပြီး က​လေးအလုပ်သမားဆိုင်ရာ အသိပညာ​ပေး လက်ကမ်းစာ​စောင်ကို ဖြန့်​ဝေခဲ့ကြသည်။
ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲလှုပ်ရှားမှုများ ဆောင်ရွက်
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အား အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2025
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက အ.ထ.က (ခွဲ) ရေတွင်းကုန်းကျောင်းခန်းမ၌ ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြော
Aug 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ
Aug 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့်သုတ/ရသ စာအုပ်စာစောင်များပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
မင်းလှမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) ကျေးလက်နေပြည်သူများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village)ဆောင်ရွက်လျက်ရှိသည့် သဖန်းချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်က သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြုရေးအထက်တန်းကျောင်း (လဟယ်) ၏ လူရည်ချွန်မောင်များကြိုဆိုပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်း ချယ်ရီမြိုင်ခမ်းမ၌ ကျင်းပပြုလုပ်သည်။