သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာ သင်တန်းဖွင့်လှစ်

သရက်ချောင်း မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG,G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာသင်တန်းကို ယမန်​နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးဒေါ်လှအေးက အဖွင့်အမှာစကားနှင့် သင်တန်းပြုလုပ်ရသည့် ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ECCD Law ၊ Child Law ၊ ကလေးစိတ်ပညာ၊ ကလေးသဘာဝနှင့် အခြေခံ၊ သင်ယူမှုအခြေခံအုတ်မြစ်သင်ယူမှုပုံစံများ၊ ကလေးဖွံ့ဖြိးမှု၊ Classroom Management၊ ဘာသာ စကားဖွံ့ဖြိုးမှုအတွက် အခြေခံ music စသည့် ဘာသာရပ်များကို သင်တန်း
နည်းပြ(၃)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၅၄)ဦးတို့အား(၁၀)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)