တနင်္သာရီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG မှ Grade.11 အထိ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြတ်ကြေညာ

တနင်္သာရီ မေ ၁‌

တနင်္သာရီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်းမှ Grade.11 တန်းအထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများတွင် ကပ်ထားကြေညာကြောင်း သိရသည်။

ထိုသို့အောင်စာရင်းကြေညာထားသည့်နေရာများ၌ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက စိတ်လှုပ်ရှားစွာ လာရောက်ကြည့်ရှုနေကြပြီး အောင်မြင်သူများအတွက် ဝမ်းမြောက်ပျော်ရွှင်မှုများလည်း တွေ့မြင်ရသည်။

ကျောင်းတာဝန်ရှိသူများက အောင်စာရင်းများကို စနစ်တကျ ထုတ်ပြန်ပေးထားပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် ယခုနှစ်တွင် KG တန်းမှ Grade.11 တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၁၂၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာအောင်မြင်သူ (၁၁၁၂၀) ဦးရှိ၍ အောင်မြင်မှု(၁၀၀%)ရှိ‌ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တနင်္သာရီ(ပြန်/ဆက်)