သတင်းများ

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ အသုံးချလူမှုနှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Aug 16,2025
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ဒုတိယအကြိမ်မြောက် အသုံးချလူမှုနှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်ကျင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Aug 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရေဝေရေလဲဧရိယာများ ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မိုင်းယန်းမြို့နယ်အစ၊ မိုင်းခတ်မြို့နယ်အဆုံး နယ်စပ်ရှိ တောင်စောင်းမြေကွက်လပ်တွင် ကျင်းပသည်။
မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကူမဲမြို့ ဇာတ်ရုံအတွင်း၌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအသိပညာပေးအခမ်းအနား ကျင်းပ
Aug 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်သီရိခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအသိပညာပေးအခမ်းအနားကို ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
သန်လျင်မြို့နယ် အုတ်ဖိုစုမူလွန်ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Aug 16,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက အုတ်ဖိုစုမူလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်
Aug 16,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့်
Aug 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။