မရမ်းကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များရှိ ပြည်သူများ၏ နေအိမ်များအရောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။