ကော့မှူးမြို့နယ် ခရိုက္ခနိကျေးရွာ အရှေ့မြောင်းပေါ်တွင်တည်ဆောက်မည့် Check Gate နေရာအား ကြည့်ရှု
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခရိုက္ခနိကျေးရွာ အရှေ့မြောင်းပေါ်တွင်တည်ဆောက်မည့် Check Gate နေရာအား ယမန်နေ့ညနေပိုင်းက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(အင်းစိန်) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။