သတင်းများ

သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာ သင်တန်းဖွင့်လှစ်
May 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG,G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာသင်တန်းကို ယမန်​နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၌ Football For School Programme အရအားကစားနည်း (၄)မျိုးဖြင့် သင်တန်းများ ဖွင့်လှစ်ပေး
May 15,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသည် ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Football For School Programme အရ မြို့နယ်အတွင်း အားကစားနည်း (၄)မျိုးဖြင့်  သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်
May 15,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ယနေ့နံနက် ၁၀ နာရီခွဲက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာသမဝါယမအသင်းကစိုက်ပျိုးထားသော နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုအသိပညာပေးခြင်းများ ဆောင်ရွက်
May 15,2026
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကုက္ကိုကန်ကျေးရွာ ရွှေကန်မြေ စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းက စိုက်ပျိုးထားသော နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး မေ ၁၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
ရေဖြူမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး လူထုဖြန့်ဝေပျိုးပင်ပေါင်း ၂၈၇၀၅ပင်ပျိုးထောင်ထားရှိ
May 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတုဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း၂၈၇၀၅ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းအောင်ထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု
May 15,2026
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးသည်ရက်(၁၀၀)စီမံချက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာ ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အသင်းသားတောင်သူ ဦးဝင်းသိန်း၏ ကွင်းအမှတ်(၁၃၇/က)၊ ဦးပိုင် အမှတ်(၁၀/၁)တွင် စိုက်ပျိုးထားသော ရွှေမနော် နွေစပါးစိုက်ခင်း ၅ ဧက၌ ပေါင်းနုတ်ခြင်း၊ တမန်းနိုးခြင်း၊ သွင်းအားစု မြေဩဇာကျဲပက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး (မျိုး၊မြေ၊ရေ၊နည်း)များဖြင့် စနစ်တကျ စိုက်ပျိုးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲ ကျင်းပ
May 15,2026
နွားထိုးကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်နှင့် နွားထိုးကြီးမြို့ ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကို မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့မဈေး၌ အဆင့်မြင့်ဈေးဆိုင်ခန်းများ စတင်ဖွင့်လှစ်
May 15,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာစေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီလိမိတတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီး၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါဈေး၌ စတင်ဖွင့်လှစ်ပေးခဲ့ကာ အဆင့်မြင့်ဈေးဆိုင်ခန်းအသစ်များ ဆောက်လုပ်ရောင်းချမှုမှ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။