သတင်းများ

ဒဂုံမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းနှင့် ကျောင်းအသုံးအ‌ဆောင်ပစ္စည်းများ အခမဲ့ထုတ်ပေး
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ကျောင်းသာ ၊ ကျောင်းသူများအား ၂၀၂၅-၂၀၂၆  ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မေလ (၂၂)ရက်နေ့နံနက် (၉)နာရီမှစတင်၍ ကျောင်းအပ်နှံလက်ခံခြင်းများကို ဆရာ၊ ဆရာမများက စတင်ဆောင်ရွက်ပေး‌နေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ သံဃနာယကအဖွဲ့အစည်း သုံးလပတ် စုံညီအစည်းအဝေး ကျင်းပ
May 24,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် သံဃနာယက အဖွဲ့အစည်း သုံးလပတ် စုံညီအစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်သံဃနာယက အဖွဲ့ရုံး တည်ရာ အောင်သိဒ္ဓိကျောင်းတိုက်ရှိ မြစောညီနောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့်၊မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် လျှပ်စစ်ဝါယာလျော့ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
May 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး)၌  ၂၀၂၅ ခုနှစ် မေလ (၂၂)ရက်နေ့ (၁)နာရီ (၅၀)အချိန်က လျှပ်စစ်ဝါယာလျော့ဖြစ်ကာ ရေခဲသေတ္တာမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု (၁)စုအား ယမန်နေ့ မွန်းလွှဲ(၄)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆင်းသုခနွေစပါးစံပြကွက်အား ကွင်းဆင်းကြည့်ရှု့
May 24,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တီးလေးကျေးရွာကွင်း အမှတ် (၄၅၅) ဦးပိုင်အမှတ် (၁၂.၂၂) တောင်သူ ဦးအောင်ကျော်စိုးစံ၏ စိုက်ပျိုးဧက (၄၅)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စံပြစပါးစိုက်ကွင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ စာကြည့်တိုက်သုံးပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီကလှူဒါန်းသည့်  စာကြည့်တိုက်သုံး ပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင် များ ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၌ ဆပ်ပြာမျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့ နယ်အတွင်းရှိရပ်ကွက်/ကျေးရွာနေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ရန် ကုန်တိုင်းဒေသကြီးအသေး စားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ် အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သော၂၀၂၅- ၂၀၂၆ ခုဘဏ္ဍာရေးနှစ်အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်း (ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မှော်ဘီမြို့နယ်ကုလားကြီးကုန်း ခေတ်မီစံပြကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်
May 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူများအား ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)က လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို မေလ(၂၃)ရက် နေ့က စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။