မှော်ဘီမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။