လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 18,2025
ကြက်ခြေနီအကြောင်းအားသိရှိလာစေရန်၊ ကြက်ခြေနီစိတ်ဓာတ်များရရှိလာစေပြီး လူမှုဂရုဏာအသင်းများ၌ ပါဝင်ကူညီဆောင်ရွက်တတ်လာစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။