သတင်းများ

ရွှေပြည်သာမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဆင်းပွဲ ကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပြည်ရတနာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်သည်။
တောင်ငူမြို့၊ အထက (၅)သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
ပြည်ကြီးတံခွန်မြို့နယ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် နေ့လည်စာအာဟာရထမင်းကျွေး
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း(၂၅)ကျောင်းရှိရာ ထိုသက်ဆိုင်ရာ ကျောင်းများအသီးသီးထံ တိုင်းဒေသကြီးပညာရေးမှူးရုံး (မန္တလေး)အဖွဲ့များက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ယမန်နေ့နေ့လည်က ကျောင်းသား/သူများလေးများအား နေ့လည်စာအာဟာရ ထမင်းကျွေးခဲ့သည်။
ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ဒေသဝက်(၁၀)ကောင်နှင့် ဒေသကြက်(၁၀၀) ကောင် ဖြန့်ဖြူးပေးအပ်
Aug 16,2025
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ(၄၅)သိန်းကျပ်ဖြင့် ဘိန်းအစားထိုးအဖြစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ ဒေသဝက်(၁၀)ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့်ပေး
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။     
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အတွင်း ကွင်းဆင်းကြည့်ရှု
Aug 16,2025
မော်လမြိုင်မြို့၊ ကျောက်မီးသွေးရုံလမ်းနှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးမှာ မြို့၏အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင်တည်ရှိပြီး အနံ့အသက်များထွက်ခြင်း၊ ရေသုံးစွဲမှုများပြားခြင်းကြောင့် လမ်းများပေါက်ပြဲပျက်စီးလာသည့်အတွက် ဇွန်လ ၂၀ ရက်မှစတင်ကာ မုပွန်တိုးချဲ့အိမ်ရာကွက် အဆင့်မြင့်ငါးစျေးသစ်သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက သားငါးဈေးတန်းများတွင် ဈေးသူ၊ ဈေးသားများ လွတ်လပ်အေးချမ်းစွာ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းစာကြည့်တိုက် လုပ်ငန်းအဆင့်မြှင့်တင်ခြင်းနှင့် မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
Aug 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)အခြေခံပညာဦးစီးဌာန၊အခြေခံပညာအထက်တန်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်း အဆင့်မြှင့်တင်ခြင်းနှင့် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အလင်းသစ်စာကြည့်တိုက်ရှေ့၌ ပြုလုပ်ခဲ့သည်။