သတင်းများ

သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ပညာရေးချီးမြှင့်ငွေပေးအပ်ပွဲကို  သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြဝတီဆောင်၌ကျင်းပပြုလုပ်ရာ မြို့နယ်သမဝါယဦးစီးဌာနဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ပညာရေးသမဝါယမအသင်းဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်အုပ်ချုပ်မှုဒါရိုက်တာဦးအောင်သန်း(ထက်/ပြငြိမ်း)နှင့်ဒေါ်မြင့်မြင့်စန်း (လယ်/ပြ)တို့က ဆောင်ရွက်ခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(ပြည်)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော
Aug 18,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ နည်းပညာတက္ကသိုလ်(ပြည်)၌ ဩဂုတ် ၁၆ ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြသည်။
မုံရွာမြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Aug 18,2025
မုံရွာမြို့ပေါ်အတွင်း လမ်းအသုံးပြုသူပြည်သူများအတွက် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ကန်သာယာ၊ ရာပြည့်ကပ်ကျော်ဘုရားရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ စက်ချုပ်သင်တန်းဖွင့်ပွဲ ပြုလုပ်
Aug 18,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြား
Aug 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။ 
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ကျောင်းသား/သူများဖြင့်  ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Aug 18,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက်နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
သံတောင်ကြီးမြို့ မြေပြိုဘေးသင့် ဒေသခံများအတွက် လိပ်သိုဒေသခံပြည်သူများ အလှူငွေပေးအပ်        
Aug 18,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဩဂုတ်၅ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ်များနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများအတွက် လိပ်သိုမြို့မှ  မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့် ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ဘာသာရေးအသင်းအဖွဲ့များနှင့် လိပ်သိုမြို့ဒေသခံများစုပေါင်း၍ ရှင်ဂျော့ဂျက်အသင်း​တော်ခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက်  ၁၁  နာရီက အလှူငွေ ပေးအပ်လှူဒါန်းသည်။