သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများအား ကြိုဆိုပွဲကျင်းပ
Aug 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများကို ယမန်နေ့ညနေ ၃ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် ကြိုဆိုခဲ့ကြသည်။
ပြည်တက္ကသိုလ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်မြို့နယ်၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ‌ဆောင်ရွက်ရာ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့်ပါမောက္ခ (ဌာနမှူး)များ၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများတက်ရောက်ကြသည်။
မင်းဘူး(စကု)မြို့နယ်၌ အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုရေများ ဖြန့်ဝေပေးလျက်ရှိ
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)အောက်ရှိ အိုင်းမရေလွှဲဆည်နှင့် ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေတို့ဖြင့် ဒေသခံတောင်သူများ၏ မိုးစပါးဧကပေါင်း ၃၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 18,2025
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်ရေခွန်ကောက်ခံရရှိမှုအခြေအနေနှင့် အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊  ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၇)နှစ်အောက် T-20 ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်
Aug 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၇)နှစ်အောက် T-20 ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ (၃)နာရီအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပညာ၀တီသီလရှင်စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Aug 18,2025
မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကကြီးနှင့် အဖွဲ့ဝင်များမှ ပြင်ဦးလွင်မြို့၊  ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်  ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အင်သာကျေးရွာရှိ  ပညာ၀တီ သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့် 
Aug 18,2025
၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅နှစ်နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၇ ရက် ညနေ ၃နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပရာ ပျော်ဘွယ်မြို့နယ်အသင်းနှင့်ရမည်းသင်းမြို့နယ်တို့အသင်း ယှဥ်ပြိုင်ခဲ့ကြရာ ပျော်ဘွယ်မြို့နယ်မှ ၁ ဂိုး -  ဂိုးမရှိဖြင့် အနိုင် ရရှိသည်။
ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 18,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ပင်စင် လစာခံစားနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity (UID)ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။