သတင်းများ

တနင်္သာရီမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ မဟာဗောဓိညောင်ပင်ပရဝုဏ်အတွင်း မြေသန့်စင်မင်္ဂလာအခမ်းအနား ကျင်းပ
Aug 17,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ မဟာဗောဓိညောင်ပင် ပရဝုဏ်အတွင်း ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၉) ရက် ယနေ့နံနက် (၉) နာရီက မဟာဗောဓိညောင်ပင်မြေသန့်စင်ခြင်းမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရာနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု ဆောင်ရွက်
Aug 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊  ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။ 
မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက်
Aug 17,2025
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် ဇီဝဆိုင်ရာအချက်အလက်များစိစစ်ကောက်ယူ၍ UID နံပါတ် ထုတ်ပေးခြင်းတို့ကို ယ‌နေ့ နံနက်ပိုင်းက ဘောလုံးကွင်းရပ်ကွက်၌ ဆောင်ရွက်‌သည်။
မင်္ဂလာဒုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၃၉၉) ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး
Aug 17,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်အတွက် မိုးစပါးလျာထား ဧကပြည့်မီ‌အောင် စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ ယနေ့အထိ မိုးစပါးလျာထား စိုက်ပျိုးဧကပေါင်း တစ်ထောင်သုံးရာကျော်ကို ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ် ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ်၏  (၂၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း
Aug 17,2025
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏  (၂၉)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပသည်။
မြောင်းမြမြို့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ရုံးတောကျေးရွာရှိ ပြည်သူ ၆၀၀ ခန့်အား ဆေးကုသ
Aug 17,2025
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရုံးတောကျေးရွာ အ-ထ-က (ခွဲ) ရုံးတော ကျောင်းတွင် စုရပ်ပြုလုပ်ပြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ရုံးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား ယနေ့နံနက် ၇နာရီက စတင်၍ အခမဲ့ဆေးကုသပေးသည်။