သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့်  မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ သားကောင်းမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်၌  မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများအား ကွင်းဆင်းစစ်ဆေး
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု၊ ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက မေဓာဝီဈေးအနီးရှိ  ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 16,2025
ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁ဝ)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာ ဖြစ်သင်တန်းဆင်းပွဲ ကျင်းပ
Aug 16,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ သင်တန်းခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ
Aug 16,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ  သင်တန်းခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အ.ထ.က (ဘီးလင်း) ကျောင်း၌၊ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 16,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများဆောင်ရွက်
Aug 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက  ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ‌ယမန်နေ့ကကော့သောင်းမြို့၊ အ-ထ-က(ခွဲ) အ-လ-က(၂) ကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားတိုးဆေးနှင့် သန်ချဆေးတိုက် ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။