သတင်းများ

အိမ်မဲမြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Aug 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဩဂုတ် ၁၅ ရက်နေ့တွင် ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Aug 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်းပေါင်း စုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ မောရွှေစင်သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Aug 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မောရွှေစင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၁၆ ရက် နေ့လယ် ၁ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်၊ အ.ထ.က (နောင်မိန်း) တွင် အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Aug 18,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (နောင်မိန်း)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများအား ကြိုဆိုပွဲကျင်းပ
Aug 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများကို ယမန်နေ့ညနေ ၃ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် ကြိုဆိုခဲ့ကြသည်။
ပြည်တက္ကသိုလ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်
Aug 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်မြို့နယ်၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ‌ဆောင်ရွက်ရာ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့်ပါမောက္ခ (ဌာနမှူး)များ၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများတက်ရောက်ကြသည်။
မင်းဘူး(စကု)မြို့နယ်၌ အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုရေများ ဖြန့်ဝေပေးလျက်ရှိ
Aug 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)အောက်ရှိ အိုင်းမရေလွှဲဆည်နှင့် ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေတို့ဖြင့် ဒေသခံတောင်သူများ၏ မိုးစပါးဧကပေါင်း ၃၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 18,2025
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်ရေခွန်ကောက်ခံရရှိမှုအခြေအနေနှင့် အခွန်တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊  ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။