ပေါင်မြို့နယ်၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 18,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အ.ထ.က(မုတ္တမ)ကျောင်း၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဦးမြင့်အောင်နှင့် သထုံခရိုင် ဥပဒေအရာရှိနှင့် မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။