သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်များဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
May 19,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုး ရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်လက် ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနွေရာသီအချိန်တွင် လက်ဖက်ခြောက်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။