မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများ စာအုပ်၊ စာစောင် အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

မိုင်းနောင် မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်သို့ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များကို ယနေ့ နံနက် (၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းများအား အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများ ရရှိစေရေး၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)