သတင်းများ

မန္တလေးမြို့ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်
May 19,2026
၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ကွမ်ဒို ဆပ်ကော်မတီဥက္ကဋ္ဌတို့မှ ပူးပေါင်းကျင်းပသော ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ မေ ၁၈ ရက်မွန်းလွဲပိုင်းက ကျင်းပသည်။
မူဆယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပ
May 19,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို မေလ (၁၈) ရက်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂)၊ စံပယ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ငါးသိုင်းချောင်းမြို့ကျေးရွာ၊ ရပ်ကွက်များနှင့် ဘုန်းကြီးကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှု အသိပညာပေး
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၆၂လမ်း၊ ၁၃၃×၁၃၄လမ်းကြား၊ (ဇ)ရပ်ကွက်၊ လမ်းဘေးဝဲယာ တစ်လျှောက်၌ ယနေ့ နံနက် ၈ နာရီခွဲက စတင်၍ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းအပ်နှံရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေး လက်ကမ်းစာစောင်များ  လက်ဝယ်အရောက် ဖြန့်ဝေသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး ဆောင်ရွက်နေမှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှု
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၅) ရပ်ကွက်၊ ရွှေနှင်းဆီ (၁) လမ်းမှ (၆) လမ်းအထိနှင့် လောင်းလုံလမ်းတို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုူ
May 19,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ဓရာဝတီမြစ်ရေမှ ရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ကိုင်းမြို့တွင်းရှိ ရပ်ကွက်များသို့ မြို့စည်ပင်သာယာရေးအဖွဲ့မှ သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
လိပ်သိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး
May 19,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသသည်။
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း (အခမဲ့)ဖွင့်လှစ်
May 19,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။