သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက ရပ်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ကျောက်တံခါးမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ  အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်
Aug 16,2025
၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ “တက်နေထွန်း” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ “တက်နေထွန်း” ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၂၀၂၅ခုနှစ် (ဒုတိယ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ၂၀၂၅ခုနှစ်၊ (ဒုတိယ)အကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ (၁၁)မိုင် အမြန်လမ်းနယ်မြေမီးသတ်စခန်းတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူအား ပံပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Aug 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက် မြခွာညိုလမ်း MOB ဘဏ်အနီးတွင် ယမန်နေ့နံနက် (၂)နာရီ (၁၅)မိနစ်ခန့်က နေအိမ် (၄)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူအား ပံ့ပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ၊ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်း အနား ကျင်းပ
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများမိသားစုဝင်ငွေများတိုး ပွားရေးစီမံကိန်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင်စံပြကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်လုပ်ငန်းတည်ထောင်မည့်သူ(၅)ဦးအားလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၅)နေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာတွင် ကျင်းပသည်။
‎ပင်းတယမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ‎(U -12) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Aug 16,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၂၀၂၅-၂၀၂၆ ပညာ‎သင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ( U -12 )၊ ‎ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအ‎နားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ‎အ-မ-က(၃)ငှက်ပျောတော အားကစားကွင်း‎တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။