သတင်းများ

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်
Aug 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကူမဲမြို့ ဇာတ်ရုံအတွင်း၌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအသိပညာပေးအခမ်းအနား ကျင်းပ
Aug 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်သီရိခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအသိပညာပေးအခမ်းအနားကို ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
သန်လျင်မြို့နယ် အုတ်ဖိုစုမူလွန်ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Aug 16,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက အုတ်ဖိုစုမူလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်
Aug 16,2025
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့်
Aug 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင် ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြသပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု၊ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား တက်ရောက်
Aug 16,2025
မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အမှတ် (၆) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အရှေ့မျက်နှာစာနှင့် အဝင်လမ်းဘေးဝဲယာ ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်ခရိုင်နှင့် မရမ်းကုန်းခရိုင်တို့မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 16,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်ခရိုင်နှင့် မရမ်းကုန်းခရိုင်တို့မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၂ ရက်နေ့က သတ်မှတ်နေရာအသီးသီးတွင် ကျင်းပခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး
Aug 16,2025
၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပုသိမ်တက္ကသိုလ်ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။