နောင်ချို မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဒေါ်ကေသီသိန်းမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ၊ ဒေသန္တာရစီမံကိန်းရည်မှန်းချက် များအပေါ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းမှ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သတ္ထုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ငွေကြေးကဏ္ဍတို့အတွက် စီမံကိန်းရည်မှန်းချက်များကိုပေးအပ်ခဲ့ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)