သတင်းများ

ပုသိမ်မြို့ သူနာပြုသိပ္ပံသင်တန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ
May 19,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ သူနာပြုသိပ္ပံသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်လှစ်
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံပန်း၊ သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ စောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 19,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်အသိပညာပေးခြင်း၊ ဇာတ်တိုက်သရုပ်ပြခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို အပတ်စဉ် သတ်မှတ်ရက်အလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင်အားကစားကွင်း၌ Football for School Program Pilot Project ဘောလုံးသင်တန်းဆင်းပွဲကျင်းပ
May 19,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မေ ၄ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ခဲ့သည့် Football for School Program Pilot Project ဘောလုံးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်အားကစားကွင်း၌ ကျင်းပသည်။
သနပ်ပင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်" ကျောင်းအပ်နှံရေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မစည်ပင်သာယာစျေးနှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်နှိုးဆော်ချက်" နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ငပုတောမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ငပုတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပသည်။
ရမည်းသင်းမြို့နယ်၌ ကျောင်းအပ်နှံရေးအထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
May 19,2026
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းအပ်နှံရေးနေ့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေ ၁၉ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးတွင် မိဘပြည်သူများအား ဖြန့်ဝေသည်။