ရပ်စောက် မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးဘကျော်တင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်မို့မို့အေးက ချေးငွေကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။
ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ရပ်စောက်မြို့နယ်ရှိ ကျေးရွာ/ရပ်ကွက်(၃)အုပ်စုမှ တောင်သူ (၂၄၄) ဦး၏ လယ်ဧရိယာ စပါး(၃၀၅) ဧက၊ ပြောင်း (၁၂၁၉) ဧက စုစုပေါင်း(၁၅၂၄)ဧကအတွက် ငွေကျပ်(၃၉၆၂.၅၀)သိန်းကို ထုတ်ချေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)