သတင်းများ

ဓနုဖြူမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စုများတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းဆောင်ရွက်
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စုများတွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။
ကနောင်မြို့မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများဆောင်ရွက်
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့မှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ ရက်နေ့က ကနောင်မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ ဘုရားငါးဆူဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်
Aug 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဩဂုတ်လ (၂၀) ရက်နေ့ နေ့လယ်(၁)နာရီအချိန်က သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဩဂုတ်လ (၂၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 23,2025
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် မဲဆန္ဒရှင်အများပြည်သူတို့ မှန်ကန်၊ မြန်ဆန်၊ လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ဟူသည့် ရည်ရွယ်လျက် မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းစနစ်  အသိပညာပေး ဟောပြောခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ်ပြသခြင်းကို  သြဂုတ် ၂၂ နံနက် ၉ နာရီခွဲက ဒါးဆိပ် အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း ‌ဆောင်ရွက်
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်းများ ဆောင်ရွက်ခဲ့သည်။