သတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 23,2025
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝုဏ်အတွင်းရှိ သာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာမုနိဘုရားကြီးပရဝုဏ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တမူးမြို့တွင်၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် စံပြနို့တိုက်မိခင်ဆုရရှိသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Aug 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် စံပြနို့တိုက်မိခင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉း၃၀)နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် Psychological First Aid Training (PFA): Disaster Mental Health သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်(၉)ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကျန်းမာရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် Psychological First Aid Training (PFA):Disaster Mental Health သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၂) နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း (၆/၂၀၂၅) ဖွင့်လှစ်ပို့ချ
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၆/၂၀၂၅) ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးပညာဖြင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေး
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပုရွက်ဆိတ်ကုန်းရပ်ကွက်ရှိ ဓမ္မဝိဟာရီကျောင်းတိုတ်၌ ဥပုသ်သီလ ဆောက်တည်သူယောဂီများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ဘုန်း တော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ် ဆောင်ရွက် 
Aug 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိစေရေး၊ လွယ်ကူစွာမဲပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝမ်ဟွေရပ်ကွက်နှင့် ဝမ်မိုင်ရပ်ကွက်တို့တွင်လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၃၀)နာရီက သရက်ခရိုင်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ ကျေးလက်နေပြည်သူများ မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးတတ်စေရန် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ များမကြာမီ အချိန်ကာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကို ကျေးလက်နေပြည်သူများ ကိုင်တွယ်အသုံးပြု၍ မဲပေးတတ်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပပြုလုပ်သည့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက ပေပင်မြောက်ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။