သတင်းများ

စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 23,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးသည့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲသို့ တက်ရောက်
Aug 23,2025
ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကား ပြောကြားသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 23,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သီရိမင်္ဂလာဗိမာန်၌ ကျင်းပပြုလုပ်သည်။
ဘားအံမြို့နယ်၌ မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု
Aug 23,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်လှကျေးရွာတွင် တက်သစ်စစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုကို ကရင်ပြည်နယ်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် ဓါတ်မြေသြဇာ စုပေါင်းကြဲပတ်ပွဲ အခမ်းအနားသို့ တက်ရောက်
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် သြဂုတ်လ ၂၁ ရက်နေ့နံနက်(၁၁)နာရီအချိန်က အုန်းပင်ကွင်းကျေးရွာအုပ်စုရှိ ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် ကွင်းအမှတ်(၂၀၁)၊ ဦးပိုင်အမှတ် (၁၉/၂)၊ ၅.၈၇ ဧကတွင်ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ၊ ဓါတ်မြေဩဇာကြဲပတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတက်ရောက်
Aug 23,2025
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း
Aug 23,2025
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ မှာကြားချက်များအား ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
မုံရွာပညာရေးဒီဂရီကောလိပ်တွင် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဍာန်တူသရုပ် ပြလေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။