သတင်းများ

ထားဝယ်မြို့၌ ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 22,2025
ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ ဟောပြောပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းကရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်းပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲ စနစ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
သနပ်ပင်မြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Aug 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်တွင် Psychological First Aid Training (PFA): Disaster Mental Health သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် (၉)ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကျန်းမာရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် Psychological First Aid Training (PFA): Disaster Mental Health သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀:၀၀)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က အ.မ.က မူလွန် (အနောက်ပိုင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Aug 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၈)နာရီအချိန်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 22,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်
Aug 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက နတ်မော်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (နတ်မော်) ကျောင်းခန်းမ၌လည်းကောင်း နံနက် ၁၁ နာရီခွဲအချိန်က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်‌ကျေးရွာအုပ်စု၊ ငါးဘတ်အင်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (နိဗ္ဗာန်) ရှိ ဦးဖိုးကျားခန်းမတို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။