ကနောင်မြို့မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများဆောင်ရွက်

မြန်အောင် သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့မှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ ရက်နေ့က ကနောင်မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ညွန့်နှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ရွှေရည်ဖြိုးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကနောင်မြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ကနောင်မြို့ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ရိုက်စုရပ်ကွက်၊ အိုးဘိုအုပ်စုနှင့် ပေါက်ကုန်းစွန်းအုပ်စုတို့မှ ဒေသခံပြည်သူ (၄၂၇) ဦးတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)