သတင်းများ

စလင်းမြို့နယ်၌ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား (Biometric)အချက်အလက် ကောက်ယူခြင်းနှင့် Smart Card များ ရပ်ကွက်အတွင်း ကွင်းဆင်းထုတ်ပေးခြင်းဆောင်ရွက်
Aug 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုမြို့နယ်လက်ထောက် ဦးစီးမှူး ဦးသန်းလှနှင့်ဝန်ထမ်းများက ယမန်နေ့ နေ့လယ် မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူနိုင်ရန် လူပုဂ္ဂိုလ်မှန်မမှန်စီစစ်ကာ တိကျမှန်ကန်မြန်ဆန်စေရေးအတွက် Smart Card များကို နေ့ခြင်းပြီး ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခဲ့သည်။
ယင်းမာပင်မြို့၌ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲ ပြသ
Aug 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယင်းမာပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့က စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ပြသပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့် အာဟာရချက်ပြုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပ
Aug 23,2025
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့်အာဟာရချက်ပြုတ်ပြိုင်ပွဲ ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားမြို့ အမှတ် (၁.၂.၃)ရပ်ကွက်နေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်
Aug 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့ အမှတ် (၁.၂.၃) ရပ်ကွက်နေ ပြည်သူများအား  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၃၀‌)‌ ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ
Aug 23,2025
နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် မြင်းခြံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Club အသင်းများနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ “အမှားအများဆုံးလုပ်တဲ့လူကအတော်ဆုံး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။