သတင်းများ

ရွှေတောင်မြို့နယ်တွင် ဝင်ငွေတိုးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 23,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေတောင်မြို့၊ မင်းတဲကျွန်း(စံပြ)ကျေးရွာတွင် ဩဂုတ် ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
ဟားခါးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေး
Aug 23,2025
ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Aug 23,2025
မွန်ပြည်နယ် မော်လမြိုင်မြို့ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၄၀)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ မင်္ဂလာအခမ်းအနား တက်ရောက်
Aug 23,2025
မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ် စေတီတော်မြတ်ကြီး၌ အစဉ်အလာမပြတ် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ကျော်မှစတင်၍ ဆေးပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ ယခု(၁၄၀) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဆုပေးပွဲ အခမ်းအနား တက်ရောက်
Aug 23,2025
၂၀၂၅-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ကြည့်ရှုစစ်ဆေး
Aug 23,2025
ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်ကို ၂၀၁၁ ခုနှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ဧရိယာ ၉၆၉ ဧကကျယ်ဝန်းကာ ဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်နိုင်ရေး၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ရှိ ငါးသေတ္တာကုန်ချောထုတ်လုပ်နေမှု၊ စပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးမှု ကြည့်ရှုအားပေး
Aug 23,2025
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့နယ်တွင် ငါးသေတ္တာ ကုန်ချောထုတ်လုပ်မှု၊ ပိုလျှံစပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့အား ကြည့်ရှုအားပေးကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု ကြည့်ရှုအားပေး
Aug 23,2025
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်နေ ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်က နမ့်ကွတ်ရပ်ကွက်၊ အထက(ခွဲ)နမ့်ကွတ်ကျောင်း၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။