လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စုများတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းဆောင်ရွက်

လေးမျက်နှာ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စုများတွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝေဖြိုးထက်နှင့် အဖွဲ့ဝင်တို့က  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။ လေးမျက်နှာမြို့ရှိ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ထိန်ငူကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ဝဲ‌ကျေးရွာအုပ်စု၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ လက်သမား(ကရင်)ကျေးရွာအုပ်စု၊ လက်သမား(မြန်မာ)ကျေးရွာအုပ်စု၊ အိုင်သပြုကျေးရွာအုပ်စုနှင့် သုံးဆက်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူ စုစုပေါင်း (၃၁၂၆) ဦးတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲ‌ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှိုင်အေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦး‌ဝေဖြိုးထက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာများက ကျန်ရှိသောကျေးရွာအုပ်စုများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက် လျက်ရှိ‌ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)