သတင်းများ

လှည်းကူးမြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး
Aug 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့သည်။
ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 23,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်သတိပေးချက်များ၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို သိရှိလိုက်နာကြစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ပေးသည်။
ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဇုန်အလိုက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းတွင် ယမန့်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက မအူပင်မြို့နယ် အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် အ.ထ.က (ခွဲ) ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Aug 23,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်း ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ချောင်းစောက်ကျေးရွာ အ.ထ.က( ခွဲ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အထက)ကျောင်း ရွှေရတုခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွား‌ရောက်ငှားရမ်းပေး
Aug 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင်‌စေရေး ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဩဂုတ်လ(၂၁)ရက်နေ့ နေ့လယ်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်)၌ စစ်တုရင်ပြိုင်ပွဲ ဖွင့်လှစ်
Aug 23,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။