စမ်းချောင်း ဩဂုတ် ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီက မြို့နယ်အတွင်းရှိ ဈေးများဖြစ်သည့် ဆီဆုံလမ်းဈေး၊ ကျွန်းတောဈေး၊ ဂွဈေး၊ ရန်ပြိုလမ်းဈေး၊ မြေနီကုန်း ဈေး၊ ကားမှတ်တိုင်များနှင့် လူစည်ကားသော နေရာများတွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်ကျော်ဦးဆောင်၍ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေး များ၊ ကားမှတ်တိုင်များနှင့် လူစည် ကားသောနေရာများတွင် နှာခေါင်းစည်း (Mask)တပ်ဆင် သွားလာရန်၊ စနစ်တကျ ချွတ်၍ စွန့်ပစ်ရန်စသည့်တို့ကို အသိပညာပေး ခဲ့ပြီးနှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
ထူးထက်(ပြန်/ဆက်)