အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာ​ခါင်းစည်းများ​ ဝေငှခြင်းနှင့် အသိပညာ​ပေးခြင်းများ အရှိန်အဟုန်မြှင့်​ ဆောင်ရွက်

အလုံ ဩဂုတ် ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အလုံ စျေးတွင် ပါးစပ်နှာ​ခေါင်းစည်းများ​ ဝေငှခြင်းနှင့် အသိပညာ​ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြင့်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့၊  ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ၊မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး​​ရေးရာနှင့် မိခင်နှင့်က​​လေး​စောင့်​ရှောက်​ရေး အသင်းဝင်များသည်  ​စျေးဝယ်လာ​သော ပြည်သူများ  နှင့် ခရီးသွားပြည်သူများအား အပြင်ထွက်သည့် အခါတိုင်း ပါးစပ် နှာခေါင်း စည်းများ တပ်ဆင်ကြရန်၊ လူစုလူဝေး နေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်ဖြင့် အသိပညာ​ပေး​ပြောကြားခြင်းနှင့် ပါးစပ် နှာ​ခေါင်းစည်းများကိုဝေငှခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်​ရေး အတွက် လူစည်ကားရာ​နေများဖြစ်သည့်စျေး၊ လမ်းဆုံနှင့် အများပြည်သူနှင့် သက်ဆိုင်​သော​နေရာ ၊ ရပ်ကွက်များ အတွင်းတွင် အသိပညာ​ပေး နှိုးဆော်ခြင်း၊ ပါးစပ်နှာ​ခေါင်းစည်းများ​ ဝေငှခြင်းကို  အရှိန်အဟုန်မြှင့်​​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)