မန္တလေး သြဂုတ် ၂၈
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၄၀× ၄၁ လမ်းကြားရှိ မဟာမြိုင် (၂) ရပ်ကွက် မနော်ရမ္မံဟစ်တိုင်းကွင်းရှေ၌တွင် လမ်းသွားလမ်းလာများ Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် Mask များ တပ်ဆင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် Mask များ တပ်ဆင်ရေးအတွက် အသိပညာပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအချို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စသည့်စုပေါင်းအဖွဲ့ဖြင့် ၆၂ လမ်းပေါ် ဖြတ်သန်းသွာလာနေကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိ ပူးပေါင်းစစ်ဆေးကာ တပ်ဆင်ထားခြင်းမရှိသူများအား Mask တစ်ခုလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် Mask (၂)ခု ကို ၅၀၀၀ ကျပ်နှုန်းဖြင့်ဝယ်ယူစေကာရောင်းချခဲ့ပြီး Mask တပ်ဆင်ရေးအသိပညာပေးခြင်းကို ဆောင်ရွက် ခဲ့ရာ Mask (၈၁)ခု ရောင်းချကာ တပ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်