ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအို​ကေဆိုင်များ ဖွင့်လှစ်​ခြင်းရှိ/မရှိ​ရှောင်တခင်စစ်​ဆေး

​ကျောက်တံခါး ဩဂုတ် ၂၈

ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအို​ကေဆိုင်များ ဖွင့်လှစ်​ခြင်း ရှိ/မရှိကို မြို့နယ်ဗီဒီယို အ​ခြေခံ ကြီးကြပ်မှု​ ကော်မတီအဖွဲ့သည် ယမန်​နေ့ ည(၉)နာရီအချိန်၌ မြို့နယ်အတွင်းရှိ ကာရာအို​ကေဆိုင်များတွင် ​ရှောင်တခင်စစ်​ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​​ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးနှင့် မြို့နယ်ဗီဒီယို အ​ခြေခံအဖွဲ့ဝင်များသည် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအို​ကေဆိုင်များကို ပိတ်သိမ်း ထားရန် ညွှန်ကြားချက် ထုတ်ပြန် ထားပြီးဖြစ်သဖြင့်  ကာရာအို​ကေဆိုင်များ ဖွင့်လှစ်ခြင်းရှိ/မရှိကို​ ရှောင်တခင်စစ်​ဆေးပြီး ဖွင့်လှစ်ခြင်း မပြုရန်နှင့် လိုက်နာမှုမရှိဘဲ ဖွင့်လှစ်ပါက  အ​ရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တို့ကို ကာရာအို​ကေလုပ်ငန်းရှင်များအား သတိပေးပြောကြားခဲ့​ကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)