သတင်းများ

ဖာပွန်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား​ဆောင်ရွက်နိုင်​ရေး Outdoor Fitness အားကစား ပစ္စည်းများ တပ်ဆင်​ပေး
Aug 28,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် အများပြည်သူ ကိုယ်လက်လှု​ပ်ရှားအားကစား ဆောင်ရွက်နိုင်​ရေးအတွက် Outdoor Fitness အားကစားပစ္စည်းများကို တပ်ဆင်​ပေးထားကြောင်း သိရသည်။
တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသနစာတမ်းဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်
Aug 28,2020
ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အပြည်ပြည်ဆိုင်ရာသုတေသနစာတမ်းများဖြင့် ထိတွေ့မှုရှိစေရန်နှင့် သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် သုတေသနစာတမ်းဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် သက်ဆိုင်ရာဌာနများအလိုက် စဉ်ဆက်မပြတ်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီကလည်း
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ထောင်ဆေးရည်စိမ်ခြင်းများ ပြုလုပ်ဆောင်ရွက်
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးရည်စိမ်ခြင်းများနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က အမှတ်(၆၅) ရပ်ကွက်ရှိ ဓမ္မာရုံတော်ကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေး
Aug 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဩဂုတ် ၂၆ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် သစ်တော်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပ ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူး ကြပ်မတ်စစ်ဆေးပညာပေး
Aug 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့် အလေ့အကျင့် ရှိစေရေးနှင့် မဖြစ်မနေ Mask တပ်ဆင်သွားလာရေး အထူးကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ် အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချို၌ အခြေခံမဲဆန္ဒရှင်စာရင်းများကို တိကျမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးနှင့် စာရင်းကောက်ယူနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
Aug 28,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးနှင့် စာရင်းကောက်ယူနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက နောင်ချိုမြို့ ၊ ပါဟတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) တင်ဆင်ရေး အရှိန်အဟုန်မြှင့်ဆာင်ရွက်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက လမ်းမတော်လမ်း၊ လူစည်ကားရာ နေရာများနှင့် ရပ်ကွက် (၁၀) ခုတို့၌ ဆောင်ရွက်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားကြရန် အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် ၈နာရီက ဆောင်ရွက်ခဲ့သည်။