ဟိုပန်မြို့၌ မဲစာရင်းတွင်အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး

ဟိုပန်            ဩဂုတ်         ၂၈

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ မဲစာရင်းတွင်အမည်ပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူ များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်ရှိ စံပြကျေးရွာအုပ်စုမှ(၄၀)ဦး၊ ရွှေဝါကျေးရွာ အုပ်စုမှ(၃၁)ဦး၊ ရုံးကုန်း ရပ်ကွက်မှ(၂၄)ဦး၊ မိန်းပန်းရပ်ကွက်မှ(၆၄)ဦး၊ စုစုပေါင်း(၁၅၉) ဦးတို့အား ယမန်နေ့ နံနက်()နာရီ အချိန်မှစတင်၍ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့အလုပ် အမှုဆောင်ဦးရန်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာခရိုင်ဦးစီးမှူး ဦးဖုန်းမော်မိုး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)