သတင်းများ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများ Quarantine Centre သို့ ပို့ဆောင်
Sep 01,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ နေ့လယ်ပိုင်း၌ သတင်းရရှိသဖြင့် COVID-19 လူနာ Case 771 ဖြင့် ထိတွေ့ခဲ့သော မုပွန်နတ်ကျွန်းရပ်မှ(၇)ဦး၊ စစ်ကဲကုန်းရပ်မှ(၇)ဦး စုစုပေါင်း(၁၄)ဦးအား CBFQ ဝင် ရောက်ရန်အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များက မော်လမြိုင်(၁၀)မြို့နယ်ဆောင်သို့ ပို့ဆောင် ပေးခဲ့ပြီး ကျန်းမာရေး စစ်ဆေးကာ ဓာတ်ခွဲနမူနာများကို(PHL Mawlamyine) ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင်ပေး ခဲ့ကြောင်း ဘိုဘိုဝင်း Rescue လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဝန်းသိုမြို့၌ အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး အာဟာရရက်သတ္တပတ်လုပ်ငန်းများ ဆောင်ရွက်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်စေရေး အာဟာရ ရက်သတ္တပတ်နေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား
လသာမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်​​ဆောင်မိခင်များအား ​ထောက်ပံ့​ငွေများ​ပေးအပ်ရန်အတွက် စာရင်း​​​​​ကောက်ယူမှုများ​ဆောင်ရွက်မည်
Sep 01,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား ရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန် ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ်တည်း ၃၀၀၀ဝိ/- (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ ပေးသွားမည်ဖြစ် သည်။
ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံစံ(၁ဝ)နှင့်ပုံစံ(၁ဝ-က) အမည်စာရင်းများ ကြေညာ
Sep 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံစံ(၁ဝ) နှင့်ပုံစံ(၁ဝ-က) အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်​ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဩဂုတ် (၃၀) ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက် ရှိသည်။
ကျောက်တလုံးကြီးမြို့တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကိုစက်တင်ဘာလ ၁ရက်နေ့မှစ၍ ကေျာက်တလုံးကြီးမြို့ရပ်ကွက်၊ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ မှ ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကပ်ထား ကြေညာ
Sep 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်နေ့မှစ၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်ရုံးများတွင် ပုံစံ(၁၀)၊ ပုံစံ(၁၀-က)တို့ဖြင့် ပြည်သူများ ကြည့်ရှုနိုင်ရန် ကပ်ထားခဲ့ကြောင်း သိရသည်။