စေတုတ္တရာ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လှုမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် ငွေဗိုက်အက်ပလီကေးရှင်း အကျိုးခံစားရသော ကိုယ်ဝန်ဆောင် မိခင်များအား စာရင်းသွင်းပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့စာရင်းသွင်းပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်နှင့်ဝန်ထမ်းများ၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း(၃) ဒေါ်မေသူမောင်မောင်နှင့်ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များရှိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ငွေဗိုက်အက်ပလီကေးရှင်း အကျိုးခံစားရသော ကိုယ်ဝန်ဆောင် မိခင်များအား စာရင်းသွင်းပေးခြင်း ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်(၄၈)ဦးအား စာရင်းသွင်းပေးခြင်း ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် ငွေဗိုက်အက်ပလီကေးရှင်း အကျိုးခံစားရသော မြို့နယ်အတွင်းရှိ ကျန်ရှိနေ သေးသော ကျေးရွာအုပ်စုများမှ ကိုယ်ဝန်ဆောင်မိခင်များအားလည်း စာရင်းသွင်းပေးခြင်း ဆက်လက်ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)