သတင်းများ

စလင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်-၁၉ ကာလအတွင်း အထူးချေးငွေထုတ်ချေးပေး
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ အတွက် ၂၀၂၀ပြည့်နှစ်စိုက်ပျိုးစရိတ်အထူးချေးငွေနှင့် ကိုဗစ်-၁၉ကာလအတွင်း အထူးချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မြို့နယ်ဘဏ်ခွဲမှ ယနေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ထုတ်ချေးပေးလျက် ရှိ သည်။
ခမောက်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံညှိနှိုင်းဆောင်ရွက်
Sep 01,2020
မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် ခမောက်ကြီးမြို့ပေါ်ရပ်ကွက်နှင့် နယ်စပ်ဒေသရှမ်း (၆) ရွာအတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်က ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာ တိုက်နယ်ဆေးရုံတည်ဆောက်မှု(၈၅)ရာခိုင်နှုန်းပြီးစီး
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာတွင် တစ်ထပ် RC တိုက်နယ်ဆေး ရုံကို  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  ကုသရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် (၁၅၀.၀၀)ကျပ်သန်း၊၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် အတွက် (၃၆၆.၄၈) ကျပ်သန်းဖြင့် မကွေးမြို့ Best Synergy ကုမ္ပဏီလီမိတက်မှတာ ဝန်ယူတည်ဆောက်နေပြီး ယခုအခါ  လုပ်ငန်းဆောင်ရွက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း Best Synergy ကုမ္ပဏီလီမိတက်မှ ဆိုဒ်အင်ဂျင်နီယာတာဝန်ခံထံမှ သိရသည်။
ညောင်တုန်းမြို့၌ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် နေ့စဉ် ဆောင်ရွက်ပေး
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက် လျက် ရှိသည်။
မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် MASK တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် MASK တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဆောင်ရွက် ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရေးရပ်ကွက်အလိုက် အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် လုပ်ဆောင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ကာကွယ်ရေးရပ်ကွက်အလိုက် အသိပညာ ပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁၅) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee - JCC) ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကျင်းပ
Sep 01,2020
လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee – JCC) ၏ တတိယအကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့ တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
လမ်းမတော်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက် အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် UMFCCI နှင့် ရခိုင်ပြည်နယ် CCI တို့ လက်တွဲကြိုးပမ်းဆောင်ရွက်ရေးဆွေးနွေး
Sep 01,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ရခိုင်ပြည်နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် စားနပ်ရိက္ခာများ၊ လူသုံးကုန် များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ဈေးကွက် အတွင်း ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်း တည်ငြိမ်စွာ ရောင်းဝယ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်သည် ရခိုင်ပြည်နယ် CCI နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ဆွေးနွေးခဲ့သည်၊၊