ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တိုက်နယ်ဆေးရုံဆောင်(ဓာတ်မှန်ခန်းပါ) ဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် စက်တင်ဘာ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လေးထောင့်ကန်(စိုက်မွေး) ရပ်ကွက်တွင်  တိုက်နယ် ဆေးရုံ ဆောင် (ဓါတ်မှန်ခန်းပါ) ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ(၁၇)နာရီက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ “တိုက်နယ်ဆေးရုံဆောင်(ဓါတ်မှန်ခန်းပါ) ဆောက်လုပ်ပြီးစီးပါက လေးထောင့်ကန် (စိုက်မွေး) ရပ်ကွက်ရှိ မိဘ ပြည်သူ များအနေဖြင့် ကျန်းမားရေးစစ်ဆေးရာတွင် လွယ်ကူ အဆင်ပြေစေပြီး များစွာအကျိုးရှိမည်ဖြစ်သည်”ဟု လေးထောင့်ကန် (စိုက်မွေး)ရပ်ကွက် အုပ်ချုပ်ရေးမှူး က ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ကွင်းဆင်းကြည့်ရှုရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်၊ မြို့နယ် အ‌‌ထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲအောင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင် နှင့် တာဝန်ရှိသူများသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ပြည်သူ များကို အားပေး စကားပြောကြားခဲ့ပြီးလိုအပ်သည်များကို ဆေးရုံတာဝန်ရှိသူများနှင့်ဆွေးနွေးတိုင်ပင်၍ ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)