ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ဗဟန်းမြို့နယ်အတွင်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 01,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်၍ မဖြစ်မနေ လမ်းထွက်သွားလာနေကြသူများကို နှာခေါင်းစည်းတပ်ဆင်ရေး၊ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၊ ဈေးများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် လူစုလူဝေးများ မဖြစ်စေရေး လိုက်လံနှိုးဆော်ခြင်း၊