ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ဗဟန်းမြို့နယ်အတွင်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်၍ မဖြစ်မနေ လမ်းထွက်သွားလာနေကြသူများကို နှာခေါင်းစည်းတပ်ဆင်ရေး၊ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၊ ဈေးများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် လူစုလူဝေးများ မဖြစ်စေရေး လိုက်လံနှိုးဆော်ခြင်း၊ Maskများ အခမဲ့လိုက်လံဝေငှ တပ်ဆင်စေပေးခြင်း၊ ဈေးများအတွင်း ဈေးသည်၊ ဈေးဝယ်များ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်စေရေး၊ ဈေးသည်များကလည်း Mask, Face Shield လက်အိတ်များဖြင့်သာ ဈေး ရောင်းဝယ် နိုင်ကြရန်အတွက် အခမဲ့ လိုက်လံဖြန့်ဝေပေးခြင်း၊ YBS ကားမှတ်တိုင်များတွင် လက်ဆေးကြောနိုင်ရန် လက်ဆေး Basin များ ပြုလုပ်ပေးခြင်း၊ YBS ကားများပေါ်တွင် ခရီးသည်များ လက်ဆေးနိုင်ရန်အတွက် လက်သန့်ဆေးရည်ဗူးများ ထားရှိပေးခြင်း၊ မြို့နယ် အတွင်းရှိ၊ ကားမှတ်တိုင်များတွင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံကြေငြာခြင်း၊ ပညာ‌ပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ ဒေသန္တရအမိန့်ထုတ်ပြန်ချက်များ ကြေငြာပေးခြင်း အစရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်‌ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်အတွင်းရှိ (ရွှေနံသာ) ရပ်ကွက်၊ ဗဟန်းစျေးရှိ မိဘပြည်သူများထံ mask များ၊ လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး mask တပ်ဆင် အသုံးပြု နည်းများကိုလည်း ထပ်မံအသိပေး လက်တွေ့ပြသ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်ခဲ့ကြ​သည်။

ယခုအခါ မြန်မာနိုင်ငံ၌ သြဂုတ်လ(၁၆)ရက်နေ့မှစ၍ ပြည်တွင်းကူးစက်မှာ သိသိသာသာ ပိုမိုမြင့်တက်နေသောကြောင့် ရောဂါ ကူးစက်မှု လျော့နည်းအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)