ဝေါမြို့နယ်တွင် Facility Quarantine စခန်းများတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများအား စနစ်တကျ ကြည့်ရှုစောင့်ကြပ်ပေးလျက်ရှိ

ဝေါ  စက်တင်ဘာ  ၁

ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် ဝေါမြို့နယ်အတွင်းမှ မြန်မာနိုင်ငံသားများအား စနစ်တကျ စစ်ဆေးကြပ်မတ်၍ ဝေါမြို့နယ် Facility Quarantine စခန်းများတွင် စနစ်တကျ ကြိုဆို၍ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံနဲ့ ပြည်ပကနေ ဩဂုတ်လအတွင်း စတင်ပြီး ဝင်ရောက်လာသည့်‌ ဒေသခံပြည်သူများကို ၂၁ရက် ကန့်သတ် စောင့်ကြည့်ဖို့အတွက် ဝေါမြို့ ရွှေဘုန်းပွင့်ဓမ္မရိပ်သာတွင် ကျား(၆၁)ဦး၊ မ(၄၆)ဦး စုစုပေါင်း(၁၀၇)ဦး၊ မြို့နယ် အားကစား ကွင်း အားကာခန်းမ‌ဆောင်တွင် ကျား(၂)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း(၂၅)ဦး၊ မြို့နယ်လဝက ရုံးဟောင်းတွင် ကျား(၁၉) ဦး တို့အား Quarantine စခန်းများ ဖွင့်လှစ်ပြီးထားရှိကာ ဝေါမြို့၌ ကျား(၈၂)ဦးနှင့် မ(၆၉)ဦး၊ စုစုပေါင်း (၁၅၁) ဦးအား ကျန်းမာရေး စစ်‌ဆေးခြင်းနှင့် စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အခန်း သန့်ရှင်းရေးနဲ့ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ထားပြီး ဓာတ်ခွဲခန်းသို့ နမူနာများ ပေးပို့ရာတွင် တစ်ဦး တစ်ယောက်မျှ ပိုးမတွေ့ရှိရသေးကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီ ဥက္ကဋ္ဌ ဦးနေဇော်အောင် က ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)