သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ် အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ရေး ကွင်းဆင်း စစ်ဆေး
Sep 02,2020
သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine center အဖြစ် အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး အတွက် ယနေ့ မွန်းလွဲပိုင်း အချိန်က ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။
ရေနံချောင်းမြို့ပေါ်၌ ချောင်းတိမ်ချောင်းရေကျကာ ခရီးသွားလာမှု ယာယီပြတ်တောက်
Sep 02,2020
ရေနံချောင်းမြို့၌ မိုးရွာသွန်းမှုမရှိဘဲ မြို့၏အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မြို့အလယ် လမ်းမတော်လမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပွားပြီး လမ်းဖြတ်သန်းမှု ယာယီပြတ်တောက်ခဲ့သည်။
ညောင်ရွှေမြို့၌ Communication Awareness Campaign for Environmental Issues အတွက် Campign Planning Workshop ပြုလုပ်
Sep 02,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့သည် ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လေ့လာ လည်ပတ်သည့် ခရီးသွားဒေသတစ်ခုဖြစ်သည့်အလျောက် ဒေသတွင်းသဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းသာယာသော အဝန်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် အီတလီနိုင်ငံ အခြေစိုက် ICEI (Istituto Cooperazone Economica Internazionale) နှင့် ညောင်ရွှေမြို့နယ် စည် ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော Communication Awereness Campaign for Environmental Issues (Plastic Refuction) အတွက် Campign Planning Workshop ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ညောင်ရွှေမြို့ရှိ Inle Apex Hotel ၌ ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် စိုက်ပျိုးထားသော မိုးစပါး(ရွှေရင်အေး) မျိုးစေ့ထုတ်စိုက်ခင်းများ အား ပထမအကြိမ် Field Inspection စစ်ဆေး
Sep 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် တောင်သူ (၃)ဦးမှ စိုက်ပျိုးထားသော မိုးစပါး(ရွှေရင်အေး) မျိုးစေ့ထုတ်စိုက်ခင်း (၁၃) ဧကအား ပထမအကြိမ် Field Inspection စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့မကွင်း တွင် ဆောင်ရွက်ခဲ့ကြသည်။
ဝေါမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကပ်ထားကြေညာ
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်၍
ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ(၆၉)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Sep 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိရာ ဩဂုတ်လ ၃၁ ရက်နေ့၊ ညနေ(၆)နာရီအချိန် က(၈)ဉီး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က (၆၁)ဉီး စုစုပေါင်းနေရပ် ပြန်ပြည်သူ(၆၉)ဉီးတို့အား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီက ပုသိမ်ကြီး မြို့မဈေးအနီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအနေဖြင့် Mask Campaign ပြုလုပ်ခဲ့သည်။
အင်တောမြို့၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေး
Sep 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။