သတင်းများ

လင်းခေးမြို့နယ် မအွန်လောင်းကျေးရွာတွင် ရေခဲသေတ္တာ လျှပ်စစ်အပူလွန်ကဲ၍ လူနေအိမ် ၂လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Sep 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု၊ မအွန်လောင်း ကျေးရွာတွင် ယမန်နေ့ညနေ ၅နာရီက လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနစုံမှဝန်ထမ်းများသည် ၂၄ နာရီ အလှည့်ကျစနစ်ဖြင့် မြို့အဝင် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ OHC တိုးဂိတ်၌ ခရီးသည်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခရီးသည်စာရင်းများ ကောက်ယူခြင်းများကို ဩဂုတ်လ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုလ်ဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 02,2020
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုလ်ဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြကံသာကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ကျောက်ဂူဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကျောက်ဂူဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးရောင်း၊ ဈေးလာရောက်ဝယ်သူများအား နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း များကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေစစ်ဆေးရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေစစ်ဆေးရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် က ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်းတည်မြို့နယ်တွင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် Maskတပ်ဆင်ခြင်းမရှိသောပြည်သူများအားစစ်ဆေးဆောင်ရွက်လျက်ရှိ
Sep 01,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းရှေ့၌ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များကနေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ နေသော ပြည်သူ များအားမဖြစ်မနေ Mask တပ်ဆင်အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။