ဇလွန် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် စာရေးဆရာဖေမြင့်၏ “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်း၊ ဇလွန်မြို့နယ်စာရေးဆရာအသင်းဝင် ဦးတင်မောင်ဝင်း (ဒူးယား) တို့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ပြီး စာရေးဆရာဖေမြင့်၏ “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်မှ တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည်၊ ကျားကုတ်ကျားခဲ စိတ်ဓာတ်၊ အောင်မြင်ရမည်ဟူသောစိတ်ဓာတ်၊ အလုပ်ကို မကြောက်သည့် စိတ်ဓာတ် စသည့်စာအုပ်ပါ အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြရာ တက်ရောက် ကြသည့် စာပေဝါသနာရှင်များက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)